Homeမြန်မာသတင်း
ဧရာဝတီတိုင်းရှိ ဟိုတယ်နှင့် တည်းခိုခန်းများ ပူးပေါင်းအဖွဲ့ စစ်ဆေးပြီးမှ ပြန်ဖွင့်ခွင့်ပြုမည်
ဧရာဝတီတိုင်းရှိ ဟိုတယ်နှင့် တည်းခိုခန်းများ ပူးပေါင်းအဖွဲ့ စစ်ဆေးပြီးမှ ပြန်ဖွင့်ခွင့်ပြုမည်
DVB
·
May 16, 2020
ဧရာဝတီတိုင်းအတွင်း ဟိုတယ်တွေ၊ တည်းခိုခန်းတွေကို ရောဂါကူးစက်မှုမရှိအောင် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွန်ချက်နဲ့အညီ ပြင်ဆင်ထားမှု ရှိ၊ မရှိကို ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးပြီးမှ ပြန်လည်ဖွင့်ခွင့်ပြုမယ်လို့ တိုင်းစည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က DVB ကို ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ညွန်ကြားချက်တွေနဲ့အညီ လုပ်ဆောင်ထားမှုကို ပူးပေါင်းအဖွဲ့တွေနဲ့ အမြန်ဆုံး စစ်ဆေး ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
“ဟိုတယ်တွေကို ခွင့်ပြုတဲ့အချိန်မှာတောင် ကမ်းခြေတွေကို ဒီအချိန်မှာ မဖွင့်လှစ်သေးဘူးလို့ အားလုံးက ဆွေးနွေးဆုံးဖြတ် အကြံပြုထားတာ ရှိပါတယ်။”
ဧရာဝတီတိုင်းဒေသကြီးမှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ ဟိုတယ်နဲ့ တည်းခိုခန်း စုစုပေါင်း ၁၁၁ လုံးရှိပြီး စည်ပင်သာယာရေးအဖွဲ့က ခွင့်ပြုထားတဲ့ တည်းခိုခန်း စုစုပေါင်း ၄၆၀ ရှိပါတယ်။
ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ဂေါ်ရန်ဂျီကမ်းခြေတွေကို မေ ၃၁ ရက်နေ့အထိ ယာယီပိတ်သိမ်းထားတယ်လို့ တိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။