Home
မြန်မာသတင်း
ပြည်နယ်နှင့်တိုင်းအချို့တွင် လေပြင်းကြောင့် နေအိမ် ၃၀၀ ကျော် ပျက်စီး
DVB
·
May 15, 2020
97359439_4349165608442353_6583124716515491840_n
ပြည်နယ်နဲ့ တိုင်းအချို့မှာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ပြည်ထဲရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း မေလ ၁၄ ရက်နေ့ မနက် ၂ နာရီလောက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးရပ်ကွက်ပါ ၄ ခုနဲ့ မအူပင်ကျေးရွာပါ ၂ ရွာတို့မှာ နေအိမ် ၅၉ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာလည်း မေ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က လေပြင်း တိုက်ခတ်မှုကြောင့် ထနှောင်းပင်လှ ကျေးရွာပါ ၃ ရွာတို့မှာ နေအိမ် ၁၈ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်၊ ဈေးဆိုင်ခန်း ၁၀ ခန်း သစ်ပင်၊ ဓာတ်တိုင် ၃ တိုင်တို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ မိုးကုတ်မြို့နယ်မှာလည်း မေလ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က မိုးရွာသွန်းပြီး မိုးသီးကြွေကျမှုကြောင့် ဘော့လုံးကြီးကျေးရွာပါ ၃ ရွာတို့မှာ နေအိမ် ၂၂၃ လုံးနဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်း အမိုးသွပ်ပေါက်ပြဲပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ရှမ်းပြည်နယ် ကျေးသီးမြို့နယ်မှာလည်း မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ခေးပေါင်းကျေးရွာပါ ၄ ရွာတို့မှာ နေအိမ် ၁၃ လုံး၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024