Homeမြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း ယာယီပိတ်ထားသည့် စည်ပင်ဈေးဆိုင်ခန်းများ မေ ၁၆ ရက် ပြန်ဖွင့်ခွင့်ပြု
ဧရာဝတီတိုင်းအတွင်း ယာယီပိတ်ထားသည့် စည်ပင်ဈေးဆိုင်ခန်းများ မေ ၁၆ ရက် ပြန်ဖွင့်ခွင့်ပြု
DVB
·
May 15, 2020
ဧရာဝတီတိုင်းအတွင်း စည်ပင်သာယာစျေးက ယာယီပိတ်သိမ်းထားတဲ့ ဆိုင်ခန်းတွေကို မေ ၁၆ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ်လို့ တိုင်းစည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
စျေးတွေက သားငါးရောင်းချတဲ့ နေရာတွေမှာ နေ့စဉ်ဆပ်ပြာရည်နဲ့ ဆေးကြောသန့်စင်ဖို့၊ ၁ ပတ် ၂ ကြိမ်၊ ၃ ကြိမ်ပိုးသတ်ဆေးဖြန်းတာ၊ ဈေးရောင်းသူတွေ နှာခေါင်းစည်းတပ်ဆင်ဖို့နဲ့ မလိုက်နာပါက စီမံခန့်ခွဲရေး ဒဏ်ငွေတပ်အရေးယူဖို့၊ စျေးဝယ်သူတွေ နှာခေါင်းစည်း မတပ်ပါက စျေးအတွင်း ဝင်ခွင့်မပြုဖို့အတွက် ကြပ်မတ်ဆောင်ရွက်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စျေးအတွင်း နှာခေါင်းစည်း မတပ်တဲ့ စျေးရောင်းချသူ၊ ဝယ်သူတွေကို mask ရောင်းချပေးဖို့၊ အခမဲ့ဖြန့်ဝေပေးဖို့၊ ဈေးရောင်းချသူတွေ Social Distancing ဖြစ်ရေး အဓိကထားဆောင်ရွက်ကြဖို့ လည်း ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း စည်ပင်သာယာစျေးတွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးဆိုင်တွေသာ ရောင်းချခွင့်ပြုထားပြီး အခြားဆိုင်တွေကို ဧပြီ ၂၂ ရက်နေ့က ယာယီပိတ်သိမ်းထားတာပါ။
ဧပြီလမှ မေ ၁၁ ရက်နေ့အထိ ဧရာဝတီတိုင်း စည်ပင်သာယာစျေး ၁၃၂ က စျေးသည်ပေါင်း ၅၈၀ အား ဒဏ်ရိုက်ခဲ့ပြီး ဒဏ်ကြေးရငွေ ၂,၅၃၆,၀၀၀ ကျပ်အား ဘက်ဂျက်ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဒဏ်ကြေးကတော့ ငွေကျပ် ၃၀၀၀ ကနေ ၁၀၀၀၀ အထိ ပေးဆောင်စေခဲ့တယ်လို့ သိရပါတယ်။