ဖရူဆိုမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်၊ စာသင်ကျောင်းဆောင် ပျက်စီး
DVB
·
May 14, 2020
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီကျော်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မူလတန်းကျောင်းဆောင်ဟောင်းတလုံး အမိုးလန် ပျက်စီးသွားခဲ့ပါတယ်။
လေဆင်နှာမောင်းကြောင့် ဖရူဆိုမြို့နယ် ညောင်ဇင်ရပ်ကွက် လွိုင်ကော် - ဘောလခဲ ကားလမ်းပေါ် ရွှေပြည်သာ အ.မ.က ကျောင်းဝင်းအတွင်းက ကျောင်းဆောင်ဟောင်းတခု အမိုးလန်ပျက်စီးသွားခဲ့တာလို့ ညောင်ဇင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ကြူကြူအောင်က ပြောပါတယ်။
“ဒီရွေပြည်သာကျောင်း အနောက်က စာသင်ကျောင်းဆောင် အမိုးလန်သွားတာပဲသိတယ်။ ရွာတွေဘက်မှာတော့အတိအကျတော့ မသိသေးဘူး။ ဒါပေမယ့် ဒီလောက်တော့ မဖြစ်ပါဘူးလို့တော့ ပြောတယ်။ ”
လေဆင်နှာမောင်းတိုက်ခတ်လို့ မြို့အဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ထားရှိတဲ့ COVID – 19 ကျန်းမာရေးစစ်ဆေးတဲ့ တဲ အမိုးနဲ့ အကာ ပျက်စီးသွားခဲ့ပြီး လူတွေ ထိခိုက်သေဆုံးမှု မရှိပါဘူး။
Photo - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး