ဒီနေ့ ညနေပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ်ထဲမှာ လေဆင်နှာမောင်းတိုက်ခတ်လို့ ရွာ ၂ ရွာထိခိုက်ပျက်စီးပြီး လူ ၅ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံသာကျေးရွာအုပ်စုက တံတားဦး၊ အောင်မြင်ကုန်းကျေးရွာတို့မှာ ညနေ ၅ နာရီကျော်က လေဆင်နှာမောင်းတိုက်ပြီး မိုးသီးလည်းကြွေတာကြောင့် ရွာလုံးကျွတ်နီးပါးပျက်စီးသွားပါတယ်။
အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက် သေဆုံးသွားပြီး ၁ ယောက်ကတော့ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
နှစ်ရွာပေါင်း ဒဏ်ရာရသူ ၇၀ ကျော်ရှိပြီး အိမ်ခြေ ၂၅၀ လောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လယ်ဝေးက ခုတင် ၁၀၀ ဆေးရုံမှာ မဆံ့တော့လို့ တချို့လူနာတွေကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ပေးနေရတယ်လို့လည်း ကူညီနေသူတွေက ပြောပါတယ်။
လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြရပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။