ရေစကြိုတွင် Quarantine ဝင်နေသူ ၁ ဦး စည်းကမ်းမလိုက်နာသဖြင့် ထောင်ဒဏ် ၃ လ ချမှတ်ခံရ
DVB
·
May 8, 2020
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့မှာ Quarantine ဝင်နေတဲ့ အမျိုးသား တစ်ဦး စည်းကမ်းဖောက်ဖျက်တာကြောင့် မေ ၇ ရက်နေ့မှာ တရားရုံးက ထောင်ဒဏ် ၃ လ အမိန့်ချမှတ် လိုက်ပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်းက “အထဲမှာ Quarantine ဝင်ထားတဲ့ ကလေးကအထဲမှာ ကောင်းကောင်းမနေဘဲ အပြင်ထွက်လိုက် ပြန်ဝင်လိုက် မလေးမစားလုပ်နေတော့ ရပ်ကွက်ကလည်း လာတိုင်တော့ ကျနော်တို့က တရားစွဲလိုက်ရတာ။ ” လို့ ပြောပါတယ်။
အဆိုပါလူငယ်မှာ အသက် ၃၂ နှစ်အရွယ်ရှိပြီး ကယားပြည်နယ် ရှားတောကျေးရွာမှာ လမ်းအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ပြီး မေလ ၅ ရက်က ရေစကြိုမြို့ကို ပြန်ရောက်လာသူ ဖြစ်ပါတယ်။
နေရပ်ပြန်လာသူတွေကို တိုင်းဒေသကြီးအမိန့်အရ Quarantine ထားရှိရာမှာ စည်းကမ်းမလိုက်နာလို့ ရပ်ကွက် ဥက္ကဋ္ဌက ကော်မတီကိုယ်စား ဦးတိုက်လျှောက်ထားခဲ့တာကြောင့် ရေစကြိုမြို့နယ်တရားရုံးက ထောင်ဒဏ် သုံးလ အမိန့်ချလိုက်တာ ဖြစ်ပါတယ်။
ကိုလင်း(ချောက်)