Home
မြန်မာသတင်း
ဟင်္သာတမြို့တွင် မီးလောင်၊ နေအိမ် ၆ လုံးဆုံးရှုံး
DVB
·
May 4, 2020
Hinthda Fire
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်မှာ မေလ ၄ ရက် နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး လူ နေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်တဲ့ နေအိမ်တွေဟာ သွပ်မိုးနဲ့ ပျဉ်ထောင်အိမ်တွေ ဖြစ်ကြပြီး အိမ်ချင်းနီးကပ်လွန်းတာကြောင့် ခဏချင်းအတွင်း နေအိမ် ၆ လုံးကို မီးကူးစက်မှု မြန်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ မီးလောင်မှုကို မီးသတ်ကား ၅ စီးနဲ့ ရေသယ်ယာဉ် ၃ စီးအသုံးပြုပြီး ရပ်ကွက်နေပြည်သူတွေနဲ့ ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရပါတယ်။ မီးစတင်လောင်ကျွမ်းတဲ့ဖြစ်စဉ်နဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲဖြစ်ပါတယ်။ ဟင်္သာတမြို့နယ် မီးသတ်ဦးစီးဌာန ဒုဦးစီးမှူးဦးတိုးနိုင်က "မီးဘယ်က စတင်လောင်တာကို  စတင် စုံစမ်းနေပါတယ်။ နေအိမ်ခြောက်လုံးလောက် မီးထဲပါသွားပြီး နှစ်လုံးလောက်မီးဟပ်လို့ အနည်းငယ်ပျက်စီးသွားပါတယ်။ နေ့လည် ၂ နာရီ မီးလောင်တယ်။ မိနစ်လေးဆယ်ကျတော့ မီးထိန်းနိုင်ပါတယ်"လို့ ပြောပါတယ်။ မီးလောင်ကျွမ်းခဲ့တဲ့ နေအိမ် ၆ လုံးက မိသားစုတွေကို လူမှုဝန်ထမ်းနဲ့ ပြန်လည် ကယ်ဆယ်ရေးဦးစီးဌာနက တစ်အိမ်ထောင်ကို  ငွေကျပ် ၂ သိန်းနဲ့ စောင်နဲ့ ခြင်ထောင်အပါအဝင် ထောက်ပံရေးပစ္စည်း ၁၆ မျိုးနဲ့ ဆန်ရိက္ခာ  ၇ ရက်စာ အကူအညီပေးအပ်ခဲ့ပါတယ်။ ဟင်္သာတမြို့ဟာ လူနေအိမ်တွေထူထပ်ပြီး နှစ်စဉ်လိုလို မီးလောင်မှု ဖြစ်ပွားလေ့ရှိပြီး မီးလောင်မှု အများစုကတော့ လျှပ်စစ်ဝါယာကြိုးတွေ အပူလွန်ကဲလို့ ဖြစ်တယ်လို့ သိရပါတယ်။ ဟင်္သာတမြို့မှာ ၂၀၂၀ ပြည့်နှစ် မေလ ဆန်းပိုင်းအထိ မီးလောင်ကျွမ်းမှု ၃ ကြိမ်ဖြစ်ပေါ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ စာရင်းအချက်လက်တွေအရ သိရပါတယ်။  သတင်း-သန်းထိုက်မြင့် / ဓာတ်ပုံ- ကိုကြက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024