Home
မြန်မာသတင်း
အင်္ဂပူတွင် ဝါးကား တိမ်းမှောက်၊ လူ ၄ ဦး သေဆုံး
DVB
·
May 2, 2020
95443897_1551921288299200_8704193559730847744_n
ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်နယ်မြေ ကုန်ပြင်အုပ်စု ကျီးပင်ကျေးရွာအထက် ဒေသအခေါ် ငထူကြော သစ်ထုတ်လုပ်ရေးလမ်းမှာ ဧပြီ ၃၀ ရက်နေ့က ဝါးကားမှောက်တာကြောင့် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။  အဲ့ဒီတိမ်းမှောက်သွားတဲ့ကားမှာ လူ ၁၀ ဦးလိုက်ပါလာတာဖြစ်ပြီး မြန်အောင်သစ်တောကြိုးဝိုင်း အကွက်အမှတ် ၇၂ အနီး လမ်းကုန်းဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာပါ။  ပေ ၅၀ လောက်ရှိတဲ့ ချောက်ထဲကို ထိုးကျသွားပြီး ၄ ဦးကတော့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာဘဲ သေဆုံးခဲ့ပြီး ကျန်၄ ဦးကတော့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကွင်းကောက်နယ်မြေစခန်း စခန်းမှူး ရဲအုပ်ခင်မောင်စိုးက အတည်ပြုပါတယ်။  ယာဉ်တိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ သန်းမင်းထိုက်ကို ကွင်းကောက် နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မနဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024