လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်
DVB
·
May 1, 2020
ဒီနေ့ မနက် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ယင်းနှင့်ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ် ရောက်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
လေဖိအားနည်းရပ်ဝန်းတရပ် နောက် ၁၂ နာရီအတွင်း ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ နောက် နာရီ ၆၀ အတွင်း မေ ၃ ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ပါတယ်။
အဆိုပါ မုန်တိုင်းငယ်ဟာ ကနဦးမှာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ နောက်ပိုင်းမှာ မြောက်-အရှေ့ မြောက်ဘက် ကွေ့ကာ မြန်မာ့ကမ်းရိုးတန်းကို ဦးတည် ရွေ့လျားမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။