Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ် ဖြစ်နိုင် 
DVB
·
May 22, 2024
Weather_22052024

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ  မေ ၂၂ ရက်နေ့ လေဖိအား နည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ ကနဦးမှာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ မေ ၂၄ ရက်လောက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီနောက် မြောက်-အနောက်မြောက်ဘက်သို့ ပြန်ကွေ့ကာ မေ ၂၆ ရက်လောက်မှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်တယ်လို့ DMH-WRF Model အရ ခန့်မှန်းတွက်ချက် ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ရဲ့ တွက်ချက်ခန့်မှန်းချက်များအရတော့ မေ ၂၃ ရက်လောက်မှာ  ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့  ယင်းနှင့်ဆက်စပ်တဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ  ကနဦးမှာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီးနောက် ပိုမိုအားကောင်းလာနိုင်ကာ မေ ၂၄ ရက်လောက်မှာ  ၂၄ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့ဆိုပါတယ်။

အခုအချိန်မှာ လေဖိအားနည်းရပ်ဝန်း စတင်အစပျိုးခြင်းမရှိသေးလို့ သင်္ချာပုံစံပြုမော်ဒယ်တွေရဲ့ ခန့်မှန်းချက်တွေက တိုင်းထွာတဲ့အချိန်၊ အသုံးပြုတဲ့ Data တို့ အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေတာ ဖြစ်ပါတယ်။

Photo Credit - မိုးဇလ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013