ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀၀၀ ကျော် ပြန်လာရန် စာရင်းသွင်းထား
DVB
·
April 29, 2020
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၆၀၀၀ ကျော်ဟာ မြန်မာနိုင်ငံကို ပြန်လာနိုင်ဖို့အတွက် မြန်မာသံရုံးမှာ ဧပြီလ ၂၈ ရက်နေ့က စာရင်းတင်သွင်းထားကြပါတယ်။
ဧပြီလကုန်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီကနေတဆင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှာ မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေကို တစ်ရက် ၂၅၀၀ ဦး လက်ခံသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂)ကနေ ထိုင်းနိုင်ငံက ပြန်လည် ဝင်ရောက်လာသူ ၃၆၀၀၀ ခန့် ရှိခဲ့ပါတယ်။ အခု ဒုတိယအကြိမ်အဖြစ် မေလ ၁ ရက်မှ မေ ၁၅ ရက်အထိ လက်ခံသွားမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃၄ ဦး COVID-19 ရောဂါကူးစက်ခံနေရတဲ့အတွက် မြဝတီမြို့မှာ ပြန်ဝင်လာသူတွေကို ထားဖို့ စောင့်ကြည့်ဂေဟာ ၈ ခု ထပ်တိုးပြုလုပ်ထားပြီး ပြည်ပကနေ ဝင်ရောက်လာမယ့်သူ အားလုံးကို ၂၁ ရက် စောင့်ကြည့်စစ်ဆေးမှာ ဖြစ်ပါတယ်။