Home
မြန်မာသတင်း
ဆိပ်ဖြူတွင် ၂ ရက်အတွင်း လေပြင်းကြောင့် နေအိမ်အဆောက်အဦ ၄၂ လုံး အမိုးလန်ပျက်စီး
DVB
·
April 27, 2020
94337771_2643034369273305_3990184450896953344_o
94258215_2643034239273318_2162324379210350592_n
94253071_2643034425939966_1642702158950301696_o
94243320_2643034395939969_3267505131888836608_n
94234928_2643034269273315_4983268653093879808_n
94221479_2643034209273321_8812763190443114496_o
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ နှစ်ရက်အတွင်း လေပြင်းကြောင့် နေအိမ် အဆောက်အဦး ၄၂ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဆိပ်ဖြူမြို့နယ်မှာ မနေ့ နေ့လယ် ၃ နာရီခွဲ အချိန်လောက်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၈ လုံးနဲ့ စာသင်​ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးခဲ့ပါတယ်။  အဲ့ဒီ လေပြင်းတိုက်ခတ်မှုကြောင့် ဆိပ်ဖြူမြို့နယ် ကုန်းရွာ စာသင်​ကျောင်းအမိုး လန်ပျက်စီးခဲ့သလို နေအိမ် ၇ လုံးအမိုးလန်ပျက်စီးပြီး ၁ လုံး ပြိုကြခဲ့​ကာ သစ်ပင်တွေလည်း ကျိုးကျ လဲပြိုခဲ့ပါတယ်။  ဧပြီ ၂၅ ရက် နေ့လယ်ပိုင်းကလည်း လေပြင်းကြောင့် နေအိမ်နဲ့ အဆောက်အဦ ၃၃ လုံး အမိုးလန်ပျက်စီးခဲ့ရပြီး မိုးပြိုးပစ်လို့ ၃ ကောင် သေဆုံးခဲ့ရပါတယ်။  ဒါကြောင့် ဆိပ်ဖြူမြို့နယ်အတွင်းမှာ နှစ်ရက်အတွင်း လေပြင်းကြောင့် နေအိမ်နဲ့ စာသင်​ကျောင်း ၄၂ ခု အမိုးလန်ပျက်စီးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ၄၅ သိန်းကျော်အထိ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024