ထောင်သားများကို ချင်း၊ ကွမ်းရွက်နှင့် ထန်းလျက်ပြုတ်ရည် နေ့စဉ်တိုက်ကျွေး
DVB
·
April 21, 2020
မြန်မာပြည်တွင်းက အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းတွေမှာ အကျဉ်းသားတွေ ကိုယ်ခံစွမ်းအားကောင်းမွန်စေဖို့နဲ့ တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ဖို့အတွက် ချင်း၊ ကွမ်းရွက်နဲ့ ထန်းလျက်ပြုတ်ရည် နေ့စဉ်တိုက်ကျွေးနေတယ်လို့ အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဆားခတ်ထားတဲ့ ရေနွေးနဲ့ တရက်ကို သုံးကြိမ် အာလုပ်ကျင်းစေတာ၊ ရေနွေးကြမ်းတိုက်တာတို့ကိုလည်း နေ့စဉ်ဆောင်ရွက်ထားတယ်လို့ အကျဉ်းဦးစီးဌာနရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ- အကစ