ပင်လောင်းမြို့တွင် အင်အား ၄.၁ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
April 17, 2020
ရှမ်းပြည်နယ် ပင်လောင်းမြို့မှာ ဒီနေ့ညနေပိုင်းက အင်အား ၄.၁ အဆင့်ရှိ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဧပြီ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၆ နာရီ၊ မိနစ် ၂၀၊ ၃၅ စက္ကန့် အချိန်က တောင်ကြီးမြေငလျင်စခန်းမှ တောင်ဘက် ၅၂ မိုင် ခန့်ကွာဝေးတဲ့ ပင်လောင်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၀၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၀၉ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။