ဟင်္သာတထောင်က အကျဉ်းသား ၁၅၃ ဦးလွတ်မြောက်
DVB
·
April 17, 2020
ဧရာဝတီတိုင်း၊ ဟင်္သာတအကျဉ်းထောင်ကနေ အကျဉ်းသား ၁၄၁ ဦးနဲ့ အကျဉ်းသူ ၁၂ ဦး စုစုပေါင်း ၁၅၃ ဦး နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ ပြန်လည်လွတ်မြောက်လာပါတယ်။
လွတ်မြောက်လာသူအများစုဟာ ဟင်္သာတခရိုင်အတွင်း မြို့နယ်တွေကဖြစ်ပြီး တခြားဒေသက ပြစ်ဒဏ်ကျခံနေရသူတချို့လည်း ပါဝင်ပါတယ်။
ဒီနေ့ပြန်လွတ်မြောက်လာသူတွေဟာ ထောင်တွင်းမှာ ကောင်းမွန်စွာနေထိုင်ပြီး အကျဉ်းထောင် စည်းကမ်းအတိုင်း လိုက်နာနေထိုင်သူတွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။
ပြန်လွတ်လာသူတွေကို ခရိုင်အုပ်ချုပ်ရေးမှူးက ဆုံးမဩဝါဒပြောကြားခဲ့ပြီး COVID-19 ရောဂါနဲ့ ပတ်သက်လို့ ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါ်အေးသန္တာကြည်က ရှင်းလင်းပြောကြားခဲ့ကာ မှုခင်းဆရာဝန် ဒေါက်တာဝင်းသူက ကျန်းမာရေး စစ်ဆေးပေးခဲ့တယ်လို့ ဟင်္သာတထောင် အရာရှိတဦးက ပြောပါတယ်။