သာယာဝတီထောင်မှ အကျဉ်းသား ၇၀၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်း
DVB
·
April 17, 2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်ကနေ အကျဉ်းသား ၆၁၄ ဦးနဲ့ အကျဉ်းသူ ၈၆ ဦး စုစုပေါင်း ၇၀၀ ဦး ဧပြီ ၁၇ ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပါတယ်။
လွတ်မြောက်လာတဲ့ အကျဉ်းသား/သူတွေကို မြန်မာ့မီးရထားက စက်ခေါင်း ၁ တွဲ၊ လူစီး ၁၁ တွဲနဲ့ သက်ဆိုင်ရာနေရပ်သို့ ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ပဲခူးတိုင်းတစ်တိုင်းလုံးရှိ သာယာဝတီ၊ ဒိုက်ဦး၊ ပြည်၊ တောင်ငူ၊ ပဲခူး၊ ပေါင်းတည်၊ ကျိုက်စကော၊ ရွှေမြယာ အကျဉ်းထောင်တွေကနေ အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၁၅၂၄ ဦး လွတ်မြောက်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့် လည်းကောင်း နိုင်ငံသားအကျဉ်းသား ၂၄၈၉၆ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၈၇ ဦးကို သမ္မတက လွတ်ငြိမ်းချမ်းသားခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
သတင်း/ဝဏ္ဏထွန်း