ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် သံသယလူနာ ၁ ဦးတွေ့ရှိ
DVB
·
April 14, 2020
ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့မှာ သံသယလူနာတစ်ဦးတွေ့ရှိခဲ့ပြီး ဧပြီလ ၁၃ ရက်က လူနာရဲ့ ဓာတ်ခွဲ နမူနာကို တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ထားတယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ဓာတ်ခွဲရလဒ်ကို ဧပြီ လ ၁၅ ရက်မှာ သိရမှာ ဖြစ်ပါတယ်။ ဧပြီလ ၁၂ရက်နေ့က ဖျားတဲ့ အတွက် ဆေးရုံရောက်ရှိလာတာဖြစ်ပြီး သံသယလူနာ အဖြစ်သတ်မှတ်ခဲ့တာ ဖြစ်တယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
သံသယလူနာဟာ မိုင်းနားစစ်ရှောင်စခန်းမှာ ၂ ညအိပ်ပြီး မတ်လ ၂၄ ရက်နေ့က လိုင်ဇာမြို့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်ရှိ သံယလူနာရဲ့ မိသားစုဝင်နေအိမ်ကို home quarantine ပြုလုပ်ထား ပါတယ်။
လိုင်ဇာမြို့နဲ့ အနီးတစ်ဝိုက်မှာ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး လိုင်ဇာမြို့မှာ လက်ရှိ အသွားအလာကန့်သတ် စောင့်ကြည့် quarantine ပြုလုပ်ထားသူ ၁၀ ဦးခန့် ရှိတယ်လို့ သိရပါတယ်။