Home
မြန်မာသတင်း
နေပြည်တော် အဝင်အထွက် ဂိတ်အားလုံးတွင် ကျန်းမာရေးစစ်ဆေးမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 14, 2020
92926825_1085830108458278_7756882430325161984_n
နေပြည်တော် အဝင်အထွက်ဂိတ်တွေ အားလုံးမှာ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေး စစ်ဆေးသွားမယ်လို့ သိရပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒု ညွှန်ကြားရေးမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက  "နေပြည်တော် ဝင်ထွက်ဂိတ် အာလုံးပေါ့ ပွိုင့် ငါးပွိုင့် အကုန်မှာ စစ်ဆေးမှာပါ။ ညနေဆို စစ်ဆေးနိုင်ပြီဖြစ်ပါတယ်။ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးမှာပါ။ မြို့နယ်တွေအာလုံးကိုလည်း ညွှန်းကြားထားပြီး ဖြစ်ပါတယ်"လို့ ပြောပါတယ်။ နေပြည်တော်ကို ဝင်ထွက်ဂိတ် ၅ နေရာဖြစ်တဲ့ နေပြည်တော် အမြန်လမ်းတိုးဂိတ် (မိုင် ၂၀၀)၊ တောင်ညိုအမြန်လမ်းတိုးဂိတ်၊ သာဝတ္ထိဂိတ်၊ တပ်ကုန်းဂိတ်နဲ့ တပ်ကုန်း-ကင်းသာ ပင်လောင်းလမ်းခွဲဂိတ်တွေမှာ စစ်ဆေးမှာဖြစ်ပါတယ်။ ဒါ့အပြင် နေပြည်တော်ကို ဝင်လာသူတွေကို အချက်အလက်ရယူ စစ်ဆေးဖို့ သက်ဆိုင်ရာက ညွှန်ကြားထားတယ်လို့ နေပြည်တော်ကောင်စီ ဒုမြို့တော်ဝန်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024