ခရီးသည်တင်ယာဉ်နှင့် ရေယာဉ်လိုင်းများ ယာယီရပ်နားထားရန် မကွေးတိုင်းအစိုးရ ပန်ကြား
DVB
·
April 9, 2020
COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် မကွေးတိုင်းအတွင်း ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်တွေနဲ့ ရေယာဉ်လိုင်းတွေ ယာယီ ရပ်နားထားဖို့ တိုင်းအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်က "ပြည်သူတွေအနေနဲ့ ကိုယ့်အသိစိတ်နဲ့ ကိုယ်ပူးပေါင်ပါဝင်စေချင်တာကြောင့် ဒေသန္တရ အမိန့် မထုတ်ပြန်ဘဲ ပန်ကြားလွှာထုတ်ပြန်တဲ့သဘောပါ။ တပြိုင်နက်တည်း Quarantine ဆန်ဆန်လုပ်လိုက်တဲ့ သဘောဖြစ်ပြီး သင်္ကြန်တွင်းမှာလည်း ထိတွေ့ ဆက်စပ်မှုနည်းပါပြီး ရောဂါမပြန့်ပွားအောင် ထိန်ချုပ်ပေးတာဖြစ်တယ်။ ပြည်ပက ပြန်ဝင်လာသူတွေအနေနဲ့ ၁၄ ရက် စောင့်ကြည့်ခံရတဲ့ သူတွေရှိသလို တချို့ အစစ်မခံတဲ့ သူတွေလည်း ရှိနေနိုင်တဲ့အတွက် တနိုင်ငံလုံး တပြိုင်နက်တည်း Quarantine ပြုလုပ်ပြီး ၁၄ ရက်တွင်း ဖော်ထုတ် ကုသရတာ ပိုလွယ်မယ်လို့ထင်ပါတယ်။ အဓိက ကတော့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက်ရည်ရွယ်ပြီး ခရီးအသွားအလာ ထိန်းချုပ်စေချင်တဲ့ သဘောဖြစ်တယ်"လို့ ဒီဗွီဘီ ကိုပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ COVID-19 စောင့်ကြည့်/သံသယ လူနာ ၆၂ ဦးရှိနေပြီး ဒီနေ့အထိ ရောဂါပိုး လုံးဝမတွေ့ရှိဘူးလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကသိရပါတယ်။
သတင်း-မင်းထီး