Home
မြန်မာသတင်း
အမေရိကန်တွင်နေထိုင်သူ ၂၆၇ ဦးကို သီးသန့်လေယာဉ်ဖြင့် ပြန်ခေါ်ယူ
DVB
·
April 7, 2020
91761578_2861313073950493_6808400394050338816_o
အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကားမှာ နေထိုင်သူ ၂၆၇ ဦးဟာ အမေရိကန်အစိုးရက စီစဉ်ပေးတဲ့ သီးသန့်လေယာဉ်နဲ့  ဧပြီ ၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နေရပ်ပြန်သွားကြပါတယ်။ နေရပ်ပြန်သွားသူတွေ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ဘေးအန္တရာယ်ကင်းရှင်းစွာ အိမ်ပြန်ရောက်ဖို့ ဆုမွန်ကောင်းတောင်းတဲ့အကြောင်းနဲ့ လေယာဉ်ခရီးစဉ်အဆင်ပြေချောမွေ့စေဖို့ အကူအညီပေးခဲ့ကြတဲ့ မြန်မာအာဏာပိုင်တွေကိုလည်း ကျေးဇူးအထူးတင်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။ COVID-19 ရောဂါတုံ့ပြန်တိုက်ဖျက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက  မြန်မာနိုင်ငံကို ဒေါ်လာ ၃ ဒသမ ၈ သန်းအကူအညီပေးမယ်လို့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက မကြာသေးခင်က ကြေညာထားပါတယ်။ ဓာတ်ပုံ- US Embassy 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024