Home
မြန်မာသတင်း
နေပြည်တော်ရှိ ဝန်ထမ်းများ ဝယ်ထားသည့်ကားလက်မှတ် အစားထိုးစီးနိုင်ရန် စီစဉ်ပေးမည် 
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 6, 2020
92567928_1079178315790124_9074211383192584192_o
နေပြည်တော်က ဝန်ထမ်းတွေ ဝယ်ယူထားတဲ့ ကားလက်မှတ်ကို ဒီဇင်ဘာလကုန်အထိ အစားထိုး စီးနင်းနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီက ပြောပါတယ်။ “တချို့လိုင်းတွေက ငွေကို ချက်ခြင်းပြန်အမ်းတာရှိတယ်။ တချို့ကျတော့လည်း ငွေက သူတို့ ကုမ္ပဏီတို့၊ ယာဉ်လိုင်းပြင်ပကို ရောက်သွားတာတို့ ရှိတဲ့အခါကျတော့ ရက်ချိန်းပြန်ပေးတာတို့ရှိတယ်ပေါ့။ တချို့ယာဉ်လိုင်းကျတော့လည်း ၂၀၂၀ ဒီဇင်ဘာလအထိပေါ့။ ပြန်မယ့်အချိန်၊ သွားမယ့်အချိန်တွေ ကြိုတင်အကြောင်းကြားခိုင်းပြီးတော့ စီစဉ်ပေးဖို့ လုပ်ဆောင်ထားတာတွေရှိတယ်” လို့ နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ဒုတိယ ဌာနမှူး ဦးအောင်ကျော်နိုင်က ပြောပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ COVID 19 ကြောင့် ဝန်ထမ်းတွေအနေနဲ့ အရေးကြီးကိစ္စရပ်များ (နာရေး) မှ အပ ခရီးသွားလာခြင်းမပြုဖို့ ဧပြီလ ၄ ရက်နေ့ ရက်စွဲနဲ့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ ဝန်ထမ်းတွေအနေနဲ့ သင်္ကြန်ကာလ ရက်ရှည် ရုံးပိတ်ရက်တွေအတွင်းမှာ နယ်ပြန်ဖို့ ကားလက်မှတ်ဝယ်ယူထားကြတာကြောင့် အမိန့်စာထုတ်ပြန်ပြီးနောက်ပိုင်း အခက်အခဲတွေ ဖြစ်ပေါ်နေကြတာပါ။ နေပြည်တော်ကနေ ယာဉ်လိုင်းပေါင်း ၁၀၀ ပြေးဆွဲနေပြီး နေပြည်တော် အခြေပြုပြေးဆွဲတဲ့ ယာဉ်လိုင်း ၂၇ နဲ့ အခြားမြို့ အခြေပြုပြေးဆွဲတဲ့ ယာဉ်လိုင်း ၇၃ လိုင်းရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ ယာဉ်လိုင်းတွေထဲက ၃၇ လိုင်းက သင်္ကြန်ကာလအတွင်း ရပ်နားဖို့နဲ့ လက်ရှိဖြစ်ပွားနေတဲ့ COVID 19 ကြောင့် ခေတ္တရပ်နားဖို့ လာရောက်တင်ပြထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024