ဖားကန့်တွင် ရေမဆေးကျောက်ရှာသူ ၁ ဦး ကျောက်တုံးထိမှန် သေဆုံး
DVB
·
April 5, 2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် စွန့်ပစ်မြေစာပုံမှာ ဧပြီလ ၄ ရက်မနက်ပိုင်းက ရေမဆေး ကျောက်ရှာသူတဦး ကျောက်တုံးထိမှန် သေဆုံးခဲ့တယ်လို့ ဖားကန့်ရဲစခန်းက သိရပါတယ်။
ဆိပ်မူကျေးရွာအုပ်စု အောက်မက်လင်ချောင်ကျေးရွာအနီး ပေ ၂၀၀ လောက်မြင့်တဲ့ မြေစာပုံက ကျောက်တုံးကြီး ပြုတ်ကျခဲ့တာကြောင့် အဲဒီအောက်မှာ ရေမဆေးကျောက်ရှာတဲ့ အသက် ၄၀ အရွယ် ဦးဝင်းမောင်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။
ကျောက်တုံးထိတဲ့ ဒဏ်ကြောင့် ဦးဝင်းမောင်ဟာ ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ခြေနှစ်ချောင်းကျိုး ဒဏ်ရာတွေနဲ့ နေရာမှာ သေဆုံးခဲ့တာပါ။
သေဆုံးသူကို မမုံကျေးရွာ လူမှုကူညီရေးအသင်းယာဉ်နဲ့ ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဖားကန့်ရဲစခန်းက ရဲဆေးစာစစ်ချက်များ ရယူထားပါတယ်။