COVID-19 မြန်မာနိုင်ငံမှာ ဖြစ်ပွားမှု အခြေအနေ (၅-၄-၂၀၂၀)
DVB Digital
·
April 5, 2020
မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာအသစ် (၁)ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီ ၄ ရက် ည၈နာရီမှာထုတ်ပြန်လိုက်တဲ့အတွက် အခုဆိုရင် အတည်ပြုလူနာ စုစုပေါင်း (၂၁)ဦးနဲ့ သေဆုံးလူနာ(၁)ဦး ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 စောင့်ကြည့်/သံသယလူနာ စုစုပေါင်း (၇၄၈)ဦး ရှိနေပြီး (၁၁၁)ဦးကတော့ ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲ ဖြစ်ပါတယ်။
တိုင်းနဲ့ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှုအခြေအနေ
အောက်ပါ မြန်မာနိုင်ငံ အခြေအနေပြဇယားကို mouse မျှားထောက်ပြီး အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။
ရန်ကုန်တိုင်း | ၁၃ ဦး |
ပဲခူးတိုင်း | ၄ ဦး |
ရှမ်း(မြောက်ပိုင်း) | ၁ ဦး |
နေပြည်တော် | ၁ ဦး |
မန္တလေးတိုင်း | ၁ ဦး |
ချင်းပြည်နယ် | ၁ ဦး |