Home
မြန်မာသတင်း
နေပြည်တော်တွင် ပြည်ပမှ ပြန်လာသူ ၆၀၀ ခန့်ကို စောင့်ကြည့်စစ်ဆေးနေ
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 3, 2020
Untitled-2
နေပြည်တော်မှာ ပြည်ပနိုင်ငံတွေက ပြန်လည်ဝင်ရောက်လာသူ ၆၀၀ နီးပါးကို COVIT-19 ရောဂါ လက္ခဏာရှိမရှိ အသွားအလာကန့်သတ် စောင့်ကြည့် စစ်ဆေးနေပြီး နောက်ထက်ဝင်ရောက်လာမယ့် သူတွေအတွက်လည်း အသင့်ပြင်ဆင်ဆောင်ရွက်ထားပါတယ်။  နေပြည်တော် COVIT-19 စေတနာဝန်ထမ်းအဖွဲ့ နာယက ဦးမောင်မောင်ဆွေက  “စုစုပေါင်းကို ၅၇၈ ဦးရှိတယ်။ ထပ်ရောက်မှာနဲ့ အခုမြဝတီကလာဖို့ဟာနဲ့ဆိုရင် အယောက် ၇၀ ကျော်လောက်လာဖို့ရှိတယ်။ နေပြည်တော်ကောင်စီ အစီအစဉ်နဲ့ခေါ်နေတယ်။ နက်ဖြန်ဆို ၇၀၀ ကျော်လောက်ဖြစ်သွားပါလိမ့်မယ်” ပြောပါတယ်။ ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေကို ဇေယျသီရီဆေးရုံမှာ ၉၁ ဦး၊ ပုဗ္ဗသီရိဆေးရုံမှာ ၅၅ ဦး၊ ဒက္ခိဏဆေးရုံမှာ ၂၉ ဦး၊ ဥတ္တရကလေးဆေးရုံမှာ ၄ ဦးနဲ့ စည်ပင်ဧည့်ရိပ်သာ (၁)မှာ ၄၈၇ ဦးကို စောင့်ကြည့်ထားရှိတယ်လို့ သိရပါတယ်။ COVIT-19 နဲ့ ပတ်သက်ပြီး ဒေသအတွင်းက ဆေးရုံတွေ၊ ကျောင်းတွေ၊ စာသင်တိုက်တွေ၊ ဘာသာရေးကျောင်းတွေကိုလည်း တပ်မတော်က ပိုးသတ်ဆေးဖြန်းပေးထားပြီး Quarantine လုပ်ဖို့အတွက် လူဦးရေ ၁၅၀၀၀ ဆံ့တဲ့ တည်းခိုရိပ်သာ တစ်ခုကိုလည်း စီစဉ်ပေးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024