Homeမြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း ကုန်ဈေးနှုန်း တိုးမြှင့်ရောင်းချခြင်း မလုပ်ရန် ဝန်ကြီး မေတ္တာရပ်ခံ
ဧရာဝတီတိုင်းအတွင်း ကုန်ဈေးနှုန်း တိုးမြှင့်ရောင်းချခြင်း မလုပ်ရန် ဝန်ကြီး မေတ္တာရပ်ခံ
DVB
·
March 27, 2020
ဧရာဝတီတိုင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကုန်ဈေးနှုန်းတွေ တိုးမြှင့်ရောင်းချတာ မပြုလုပ်ဖို့ တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက လုပ်ငန်းတွေရှင်တွေကို မတ် ၂၅ ရက်က မေတ္တာရပ်ခံလိုက်ပါတယ်။
ပုသိမ်မြို့ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနရုံးမှာ အရေးပေါ်အခြေအနေ စားသုံးကုန်နဲ့ အခြားကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေဖို့နဲ့ ကုန်ဈေးနှုန်း တည်ငြိမ်စေရေး ညှိနှိုင်းအစည်းအဝေးမှာ တက်ရောက်လာတဲ့ လုပ်ငန်းရှင်ကို တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း မေတ္တာရပ်ခံခဲ့တာပါ။
စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးကလည်း ကုန်ပစ္စည်းတွေ လိုအပ်တာထက်ပိုပြီး ဈေးနှုန်းတင် ရောင်းချနေတာတွေကို စားသုံးသူတွေအတွက် ကုန်စည်နဲ့ဖြစ်စေ၊ ဝန်ဆောင်မှုနဲ့ဖြစ်စေ နစ်နာခဲ့ရင် တိုင်ကြားနိုင်သလို စာသုံးသူတွေက နစ်နာလို့ တိုင်ကြားတဲ့အခါ ဥပဒေကြောင်းအရ ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။
အဆိုပါအစည်းဝေးမှာ လုပ်ငန်းရှင်တွေဘက်ကလည်း ဧရာဝတီတိုင်းအတွက် စားနပ်ရိက္ခာလုံလောက်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ စတင်တွေ့ရှိပြီးနောက် စားသောက်ကုန်နဲ့ ဆေးဝါးတွေ ပြတ်လပ်မှာကို စိုးရိမ်နေကြပြီး အလုအယက်ဝယ်ယူနေကြသလို ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်မှုတွေ ရှိနေတာပါ။