Home
မြန်မာသတင်း
မြန်မာပြည်ရောက် အမေရိကန်နိုင်ငံသားများအတွက် သံရုံးက ကြေညာချက်ထုတ်ပြန်
DVB
·
March 25, 2020
91414543_2834736589941475_2449466041282068480_o
       လတ်တလော ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအတွက် လုပ်ဆောင်ရမယ့်အချက်တွေကို အမေရိကန် သံရုံးကနေ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။        ဒီကြေညာချက်ထဲမှာတော့ လတ်တလောအခြေအနေ သတင်းရင်းမြစ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံသားတွေအတွက် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် US Citizens Seeking COVID-19 Information အမည်နဲ့ ဖော်ပြချက်မှာတော့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ လုပ်ဆောင်ဖို့ အဆင့် ၅ ဆင့်ကို ဖော်ပြထားပါတယ်။  သံရုံးရဲ့ နောက်ဆုံးရသတင်းတွေကို လက်ခံရယူဖို့ STEP.state.gov မှာ စာရင်းသွင်းဖို့၊ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပုံမှန်စစ်ဆေးဖို့၊ ကမ္ဘာတဝန်းခရီးသွားလာမှုတွေနဲ့ ပတ်သက်ပြီး travel.state.gov မှာ စစ်ဆေးဖို့၊ ကျန်းမာရေးဆိုင်ရာ နောက်ဆုံးရသတင်း တွေအတွက် CDC.gov မှာ စစ်ဆေးကြည့်ရှုဖို့နဲ့ အရေးပေါ်အကူအညီလိုအပ်လာရင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးအီးမေးလ်လိပ်စာ ACSRangoon@state.gov ဆီ အမြန်ဆုံး ဆက်သွယ်ဖို့တွေ ပါဝင်ပါတယ်။ အခုချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃ ယောက် ရှိပြီဖြစ်ပြီး စောင့်ကြည့်/သံသယလူနာဦးရေ စုစုပေါင်း ၂၃၈ ယောက် ရှိနေပါတယ်။ တကမ္ဘာလုံးမှာတော့ ဒီနေ့မနက် ၈ နာရီခွဲအထိ နိုင်ငံ နေရာဒေသပေါင်း ၁၉၇ ခုမှာ ကူးစက်ခံရသူ ၄၃၄၅၉၅ ယောက်၊ သေဆုံးသူ ၁၉၆၀၃ ယောက်နဲ့ ပြန်လည်သက်သာလာသူ ၁၁၁၈၅၈ ယောက်ရှိပြီလို့ အတည်ပြုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024