ချောင်းသာကမ်းခြေရှိ အပန်းဖြေခရီးသွားများ ယနေ့ နေ့လယ် ထွက်ခွာပေးရမည်
သူဇာလင်း
·
March 25, 2020
ချောင်းသာကမ်းခြေမှာ အပန်းဖြေနေတဲ့ ခရီးသွားတွေ အနေနဲ့ မတ်လ ၂၅ နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး ထွက်ခွာပေးရမယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊ ချောင်းသာရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးနိုင်အောင်ကပြောပါတယ်။
ကိုရိုဗိုင်းရပ်ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ချောင်းသာကမ်းခြေ၊ ရွှေသောင်ယံ ကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေတို့ကို မတ် ၂၃ ရက်ကနေ ဧပြီလ ၃၀ ရက်နေ့အထိ ခေတ္တပိတ်ထားဖို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် မတ်လ ၂၄ ရက်နေ့မှာ ခရီသွားဧည့်သည်တွေကို အပြီးထွက်ခွာပေးဖို့ ညွှန်ကြားထားပေမယ့် ဧည့်သည်တွေ အဆင်ပြေအောင်လို့ ဒီနေ့မနက်အထိ ဆက်လက်တည်းခိုခွင့်ပြုတာလို့ ပြောပါတယ်။
ဒါ့ကြောင့် ဒီမှာတော့ ကမ်းခြေတာဝန်ရှိသူတွေက ကမ်းခြေတလျှာက်မှ ထွက်ခွာပေးဖို့ လိုက်လံအသိပေးကြော်ငြာပေးနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ကနေ လာရောက်တဲ့ ခရီးသွားကားတွေကိုတော့ ဥတိုတံတားကနေ စောင့်ကြပ်ပြီး ပြန်လှည့်ဖို့ တားမြစ်နေတယ်လို့ ပြောပါတယ်။
ချောင်းသားကမ်းခြေကိုတော့ နှစ်စဉ် လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်က အယောက် ၅ သိန်း ကျော်ရှိတယ်လို့ဆိုပါတယ်။
ဒါ့ပေမယ့် ကမ္ဘာတဝန်းမှာ ဖြစ်ပေါ်နေတဲ့ Covid-19 ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် အခုနှစ်အတွင်းမှာ ချောင်းသာကမ်းခြေကိုလာရောက်တဲ့ ခရီးသွားက ၅၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။
လက်ရှိချောင်းသာမှာ ဟိုတယ် ၃၁ ရှိနေကြီး ရွှေသောင်ယံကမ်းခြေမှာတော့ ဟိုတယ် ၄ လုံးရှိတယ်လို့ ဆိုပါတယ်။