Homeမြန်မာသတင်း
လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်များ ပါဆယ်သာ ရောင်းရန် မန္တလေးတိုင်းအစိုးရထုတ်ပြန် (ဓာတ်ပုံ)
လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်များ ပါဆယ်သာ ရောင်းရန် မန္တလေးတိုင်းအစိုးရထုတ်ပြန် (ဓာတ်ပုံ)
DVB
·
March 25, 2020
မန္တလေးမြို့ လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်တွေကို ပါဆယ်သာ ရောင်းချဖို့ မန္တလေးတိုင်းအစိုးရက ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
COVID-19 အတည်ပြု လူနာ ၂ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့ညပိုင်းက ထုတ်ပြန်ခဲ့ပြီးနောက် မန္တလေးမြို့ လက်ဖက်ရည်ဆိုင်၊ ခေါက်ဆိုင်တွေကို ပါဆယ်သာရောင်းချဖို့ မတ် ၂၄ ရက်နေ့က မန္တလေးတိုင်းအစိုးရက ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာပါ။
ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် မန္တလေးမြို့ နန်းရှေ့ လက်ဖက်ရည်ဆိုင်တွေမှာလည်း ပါဆယ်သာရောင်းချနေကြတယ်လို့ သိရပါတယ်။
Photo-Kaung Zaw Hein/MPA