ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဘုရားလမ်းပေါ်က မဟာရန်ကုန် လက်ဖက်ရည်ဆိုင်မှာ ဒီဇင်ဘာ ၂ ရက် ညပိုင်းက မီးလောင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ည ၈ နာရီ ၄၅ မိနစ်လောက်မှာ မီးစတင်လောင်ခဲ့တာဖြစ်ပြီး သင်္ဃန်းကျွန်း မြို့နယ်မီးသတ်နဲ့ အရပ်ဘက်အသင်းတွေ လာရောက်ငြှိမ်းသတ်ခဲ့ကြပါတယ်။
အနီးအနားနေသူတွေရဲ့ ပြောပြချက်အရ လက်ဖက်ရည်ဆိုင်နောက်ဘက်က ဂက်စ်အိုးဖွင့်ရာကနေ
မီးစွဲလောင်ခဲ့တာလို့ သိရပြီး အလုပ်သမားအဆောင်တခုလုံးနဲ့ ဆိုင်မီးဖိုခန်းနေရာတွေ မီးစွဲလောင်ခဲ့ပါတယ်။
အရပ်ဘက်ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတယောက်က “လက်ဖက်ရည်ဆိုင် နောက်ဘက်မှာ စလောင်တာ။ အလုပ်သမားအဆောင်တခုလုံး ပါသွားတယ်။ လူထိခိုက်တာတော့ မရှိဘူး။ ပျက်စီးမှုတန်ဖိုးတော့ မီးသတ်က စစ်ဆေးနေဆဲပါ” လို့ ပြောပါတယ်။
မြို့နယ် သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မီးသတ်ယာဉ်၊ ရေသယ်ယာဉ်တွေနဲ့ အရပ်ဘက်အသင်းဝင်တွေက ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် ည ၉နာရီ ၇ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။
ဒီဇင်ဘာလ ၂ ရက် ညနေပိုင်းကလည်း လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာမှာ လူနေအိမ်မီးလောင်ခဲ့ပြီး ည ၁၀ နာရီခွဲမှာ တောင်ဒဂုံမြို့နယ်၊ လှော်ကားလမ်းပေါ်က ဓာတ်တိုင်မှာ ဝါယာရှော့ဖြစ် မီးလောင်ခဲ့ပါတယ်။