ကိုရိုနာ ကာကွယ်ဆေး အမြန်စမ်းသပ်နိုင်မည့်နည်းလမ်း စင်ကာပူသိပ္ပံပညာရှင်များ ဖော်ထုတ်
DVB
·
March 25, 2020
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အမြန်စမ်းသပ်နိုင်မယ့် မျိုးဗီဇအပြောင်းအလဲ ခြေရာခံမယ့် နည်းလမ်းကို ဖော်ထုတ်လိုက်ပြီလို့ စင်ကာပူသိပ္ပံပညာရှင်တွေက မတ် ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
သူတို့နည်းပညာဟာ အမေရိကန် ဇီဝကုမ္ပဏီ အားထရပ်စ်က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို ရက်ပိုင်းနဲ့ အကဲဖြတ်နိုင်မယ်လို့ စင်ကာပူပညာရှင်တွေက ဆိုပါတယ်။
အဲဒီပညာရှင်တွေဟာ စင်ကာပူ Duke-NUS ဆေးပညာကျောင်းက ဖြစ်ပြီး အဲဒီကျောင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်ဖို့ အမေရိကန် ဇီဝကုမ္ပဏီနဲ့ မိတ်ဖက်ပြုထားပါတယ်။
လူတွေရဲ့ တုံ့ပြန်မှုပေါ် မူတည်တဲ့ စမ်းသပ်ချက်အတွက် အချိန်ကာလဟာ လနဲ့ချီပြီး ကြာမြင့်ပါတယ်။
ကာကွယ်ဆေးကြောင့် ဖြစ်ပေါ်တဲ့ မျိုးဗီဇအပြောင်းအလဲကို အမြန်အကဲဖြတ်နိုင်တာဟာ လူရဲ့တုံ့ပြန်မှုတွေကိုချည်း မှီခိုတယ်ဆိုပေမယ့် ကာကွယ်ဆေးရဲ့အကျိုးနဲ့ ဆိုးကျိုးတွေကို သိရှိစေတယ်လို့ အဲဒီကျောင်းရဲ့ ကူးစက်ရောဂါအစီအစဉ် ဒုညွှန်မှူးက ပြောပါတယ်။
ကာကွယ်ဆေးကို ကြွက်နဲ့ သီတင်းတစ်ပတ်ခန့် စမ်းသပ်ဖို့ စီစဉ်ထားပြီး လူသား စမ်းသပ်မှုကိုတော့ ဒီနှစ်ဝက်မှ ပြုလုပ်ဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။
ကမ္ဘာမှာရှိတဲ့ ဆေးကုမ္ပဏီကြီးတွေနဲ့ သုတေသီတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်ဖို့နဲ့ ဗိုင်းရပ်စ်ကုသဆေးထုတ်ဖို့ စိုင်းပြင်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။