ကာကွယ်ဆေး လုံလောက်အောင် မရတဲ့အတွက် ကွန့်ဂိုမြို့ ဆေးရုံတွေမှာ mpox မျောက်ကျောက်ရောဂါ ကုသသူတွေ များနေတယ်လို့ ဆိုပါတယ်။
ဒီလအစောပိုင်းက WHO က mpox ရောဂါဟာ ကမ္ဘာတဝန်းလုံးကို ကူးနိုင်ကြောင်း အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဗီဂျာနာမှာ ရှိတဲ့ Mpox Centerရဲ့ အကြီးအကဲ ဒေါက်တာ ပူလူလူက ပြင်းထန်တဲ့ကူးဆက်မှုတွေနဲ့ ကုသမှုဆိုင်ရာ အခက်အခဲရှိကြောင်း၊ မျောက်ကျောက်ရောဂါရဲ့ နောက်ဆက်တွဲကလည်း လိင်အင်္ဂါတွေမှာ အနာတွေ ဖြစ်စေကြောင်း ပြောပါတယ်။
ကွန်ဂိုနိုင်ငံမှာ မျောက်ကျောက်ရောကာကွယ်ဆေးထိုးဖို့ လှုံ့ဆော်မှုတွေလုပ်ပေမဲ့ တချို့ လူနာတွေ က ကာကွယ်ဆေးထိုးဖို့ ချီတုံချတုံဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မျောက်ကျောက်ရောဂါကာကွယ်ဆေးတွေ ကွန်ဂိုနိုင်ငံကို လာမယ့်ရက်ပိုင်းအတွင်း ရောက်မယ်လို့ ဩဂုတ် ၃၀ ရက်က ပြောပါတယ်။
ဒီကာကွယ်ဆေးတွေကို ဥရောပကော်မရှင်နဲ့ ဒိန်းမတ်ကာကွယ်ဆေးဖြန့်ချိရေးက လှူဒါန်းတာ ဖြစ်ပြီး ကာကွယ်ဆေး ၂၃၀၀၀၀ ဖြန့်ချိပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနှစ်အတွင်း ကွန်ဂိုနိုင်ငံမှာ မျောက်ကျောက်ရောဂါကြောင့် လူပေါင်း ၆၂၉ ဦး သေဆုံးခဲ့ပြီး ၁၈၀၀၀ ကျော် ရောဂါ ကူးစက်နေတယ်လို့ WHO က ဖော်ပြပါတယ်။
ကွန်ဂိုနိုင်ငံမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားခဲ့ပြီးနောက် အိမ်နီးချင်းနိုင်ငံတွေကိုပါ ပျံ့နှံ့နေလို့ WHO က ဩဂုတ်လအစောပိုင်းမှာ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်သတိပေးချက်တွေ ထုတ်ပြန် ထားပါတယ်။
Source-Reuters