ရှမ်းနှင့် ကယားပြည်နယ်တို့ရှိ နယ်စပ် ကုန်သွယ်ရေးစခန်း ၁၃ ခု ယာယီပိတ်ထား
DVB
·
March 22, 2020
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှာကို ကာကွယ်တဲ့အနေနဲ့ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ် ချင်းရိုင်းခရိုင်နဲ့၊ ကယားပြည်နယ် မယ်ဟောင်ဆောင်ခရိုင်ကြား ဖွင့်လှစ်ထားတဲ့ ယာယီနယ်စပ် ကုန်သွယ်ရေးစခန်း ၁၃ ခုကို မတ်လ ၂၁ ရက်နေ့ကစပြီး ယာယီပိတ်ထားလိုက်တယ်လို့ ထိုင်းအစိုးရဘက်က ကြေညာထားပါတယ်။
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့အကြား ဖွင့်လှစ်ထားရှိတဲ့ ယာယီနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ထိုင်းနိုင်ငံအစိုးရက မတ်လ ၂၁ ရက်နေ့ကစပြီး ယာယီပိတ်ထားလိုက်တာပါ။
ရှမ်းပြည်နယ်နဲ့ ချင်းရိုင်းခရိုင်ကြား ဖွင့်လှစ်ထားတဲ့ အမှတ် (၂) မယ်ဆိုင်ချောင်းကူးတံတား၊ နယ်စပ်ဖြတ်သန်းရေးစခန်း ချိန်းရှဲန်မြို့နယ်၊ ရွှေတြိဂံနယ်စပ်ဖြတ်သန်းရေးစခန်း၊ ဆိပ်ကမ်းနယ်စပ် ဖြတ်သန်းရေးစခန်း၊ ဘန့်ဆုံ ဒေါက်ရွာကုန်သွယ်ရေးစခန်း၊ ဘန့်ဆွပ်လုပ်ရွာ ကုန်သွယ်ရေးစခန်း၊ ဘန့်ပန်းဟရွာကုန်သွယ်ရေးစခန်း၊ ယန့်ဟတ်ဘိုင့်ရွာ ကုန်သွယ်ရေးစခန်းနဲ့ ဘန့်လုံမ်ဖိုးထောင်ရွာ ကုန်သွယ်ရေးစခန်းကို ပိတ်ထားလိုက်တာပါ။
ဒါ့အပြင် ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ ဘန့်ဟွေးတွန်နွံ မယ့်ငေါင်းခရိုင်ခွဲ၊ ဘန့်ဆောင်ဟင်၊ ဘန့်မယ့်စမ်လပ်နဲ့ ဘန်နမ်ပျန်ဒင်တို့ကိုလည်း ယာယီပိတ်ထားလိုက်တာပါ။
ကယားပြည်နယ်နဲ့ မယ်ဟောင်ဆောင်ခရိုင်ကြား ထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ ခွန်ယွန်းမြို့နယ် ဟွေတနွန်ဂိတ် (မယ်စဲ့ဘီပီ-၁၃)၊ မယ်စလင်းမြို့နယ် ဆောင်ဟိန်ဂိတ် (မယ်စဲ့ဘီပီ-၁၄) တို့အပြင် သောလဲထလို့ လူသိများတဲ့ မယ့်စပ်လပ်နဲ့ ယန်နမ်ပျန်ဒင် (ရှားတော ဘီပီ ၉) တို့ဘကက် နှစ်နိုင်ငံ ဖြတ်သန်းသွားလာသူတွေ၊ ယာဉ်တွေ၊ ကုန်ပစ္စည်းတွေကို မယ်ဟောင်ဆောင်ခရိုင်ဝန်ရဲံ ထုတ်ပြန်ချက်နဲ့ ရောဂါထိန်းချုပ်နိုင်တဲ့အချိန်ထိ ယာယီ ပိတ်ထားတာပါ။
ကရင်ပြည်နယ်က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်-၁ ကို မနေ့ကစ ၁၄ ရက်ကြာ ယာယီပိတ်လိုက်ပြီး တံတား အမှတ်-၂ ကိုတော့ မနက် ၅ နာရီနဲ့ ည ၈ နာရီအချိန်တွေမှာ ဆက်ဖွင့်ပေးထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်တွေကို စဖန်ဖလားဂိတ်ကလွဲပြီး အားလုံး ပိတ်လိုက်ပြီလို့ သိရပါတယ်။