Home
မြန်မာသတင်း
ပြည်ခိုင်ဖြိုး ပျော်ဘွယ်လွှတ်တော်အမတ် ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၆ လချမှတ်ခံရ
DVB
·
March 14, 2020
PyawBwel High Court
မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးတင်စိုးအား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၆ လ ကျခံစေဖို့ ပျော်ဘွယ်မြို့နယ်တရားရုံးက မတ် ၁၃ ရက်နေ့မှာ အမိန့်ချခဲ့ပါတယ်။  ၂၀၁၈ နိုဝင်ဘာက ပျော်ဘွယ်မြို့နယ် ကြက်တည်ရွာ ဓမ္မလင်္ကာရဘုန်းတော်ကြီးကျောင်းမှာ လွှတ်တော်ရန်ပုံငွေ ခွဲဝေပေးမယ့် အစည်းအဝေးအတွင်း ပျော်ဘွယ်မြို့ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးတင်စိုး (ပြည်ခိုင်ဖြိုးပါတီ) က နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ စကားတွေဟောပြောခဲ့တာကြောင့် ရမည်းသင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီလွင်က တရားလိုပြုလုပ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှူ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုခဲ့တာပါ။ ဦးညီညီလွင်က "ကျနော့် ဖေ့စ်ဘွတ်ခ်ကောင့်မှာ ရေးတင်ထားပါတယ်။ လူပုဂ္ဂိုလ် မုန်းတီးလို့လည်း တရားစွဲတာမဟုတ်ပါဘူး၊ ပါတီစွဲနဲ့ တရားစွဲတာလည်း မဟုတ်ပါဘူး၊ ဘာအစွဲမှမပါပါဘူး။ မဟုတ်မမှန်တဲ့ စကားလုံးတွေသုံးပြီး လက်ရှိအစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံကို စော်ကားတာကြောင့် တရားစွဲဆိုတာပါ ကျနော်ကိုယ်တိုင်ပဲ တရားလို လုပ်ပြီး တရားစွဲခဲ့တာ တနှစ်ကျော်ကြာခဲ့ပါတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။ အမှတ်  ၁ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးတင်စိုး (ပြည်ခိုင်ဖြိုးပါတီ) အား ပျော်ဘွယ်မြို့နယ်တရားသူကြီး ဦးနေမျိုးထွန်းက ထောင်ဒဏ် ၆ လ ကျခံစေဖို့ မတ် ၁၃ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာပါ။ မောင်မောင်လင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013