ညောင်လေးပင်မြို့တွင် ဆိုင်ကယ်တိုက်မိပြီး ဦးပဉ္စင်း ၁ ပါးပျံလွန်၊ လူ ၃ ဦးဒဏ်ရာရ
DVB
·
March 4, 2020
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ မတ်လ ၄ ရက် မနက် ၁၀ နာရီလောက်က ဆိုင်ကယ်နှစ်စီး တိုက်မိရာက ဦးပဉ္စင်းတပါးပျံလွန်တော်မူပြီး လူ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့မရဲစခန်းကပြောပါတယ်။
မြို့မရဲစခန်းမှူး ဒုရဲမှူးဌေးဝင်းက “မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကိုယာဉ်မောင်း စောဖိုးစတုန်း (ခ) စောခူဂေးလယ် မောင်းနှင်တဲ့ ဆိုင်ကယ်နောက်မှာ စောလယ်သဒါးလိုက်ပါလာတဲ့ Honda CBR 150R ဆိုင်ကယ်က မျက်နှာချင်းဆိုင်မောင်းနှင်လာတဲ့ ဝေဖြိုးမောင်းနှင်တဲ့ ဆိုင်ကယ်နောက်မှာ ဥူးပန္ဒိစ လိုက်ပါလာတဲ့ Honda Wave 100 ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ တဘက်ယာဉ်ကျော်အတွင်း ဝင်ရောက်တိုက်မိခဲ့တာဖြစ်တယ်”လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဦးပဉ္စင်း ဥူးပန္ဒိစမှာပျံလွန်တော်မူခဲ့ရပြီ စောဖိုးစတုန်း(ခ) စောခူဂေးလယ်၊ စောလယ်သဒါးနဲ့ ဝေဖြိုးတို့ ၃ ဦးမှာ ဒဏ်ရာအသီးသီးရရှိကာ ညောင်လေးပင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ဆေးကုသပေးနေရပါတယ်။
ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သူ စောဖိုးစတုန်း (ခ) စောခူဂေလယ်ကို ညောင်လေးပင်မြို့မစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇ ၊ ၃၃၈၊ ၃၀၄ တို့နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း - နေလင်းထိုက်