ဂွမြို့အနီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၈ ရှိ မြေငလျင်လှုပ်
DVB
·
March 3, 2020
ရခိုင်ပြည်နယ်၊ ဂွမြို့အနီးမှာ ဒီကနေ့မွန်းလွဲပိုင်းက အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မတ်လ ၃ ရက် မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၄၈)မိနစ်၊ (၅၃)စက္ကန့် အချိန် ဂွမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၉)မိုင် ခန့်ကွာဝေးတဲ့ မြန်မာ့ပင်လယ်ပြင် ၊ မြောက်လတ္တီတွဒ် (၁၇.၆၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၅) ဒီဂရီ၊ အနက် (၁၂)ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။