Home
မြန်မာသတင်း
မန္တလေးပြည်ကြီးတံခွန်မြို့နယ်ရှိ ဒိုင်မွန်းဝါဖတ်စက်ရုံမီးလောင်
DVB
·
February 28, 2020
88020038_501172200773276_1891824452690247680_n
88336109_501172164106613_2135055528768831488_n
88053293_501172110773285_6181578349882638336_n
88020038_501172200773276_1891824452690247680_n
87933268_501172234106606_6050207124342964224_n
87866974_501172024106627_8710549217975730176_n
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊  ဒိုင်းမွန်းဝါဖတ်နှင့် ဆေးပတ်တီးလုပ်ငန်းစက်ရုံမှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်၊ လမ်းသွယ် ၁၀ ရှိ ဦးအောင်မျိုးထွန်းပိုင်ဆိုင်တဲ့ ဒိုင်းမွန်းဝါဖတ်နှင့် ဆေးပတ်တီးလုပ်ငန်း ပေ၂၀၊ ၅၀ သွပ်မိုး ၁ ထပ် စက်ရုံအတွင်း ဝါဖတ်တွေကို ဆေးပတ်တီးလုပ်ဖို့ ကြိတ်နေစဉ် စက်ထဲသံပါသွားခဲ့တာကြောင့် မီးပွင့်ပီးမီးလောင်ခဲ့တာပါ။ မီးလောင်တဲ့နေရာကို မြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၃၀ စီး အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၈၀ လောက်နဲ့အတူ တပ်မတော်သားတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့ပါတယ်။ အဆိုပါမီးလောင်မှုမှာ ဆုံးရှုံးမှုတန်ဖိုး ကျပ်  ၁၄၅၀၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်း သတ်မှတ်ထားပြီး စက်ရုံမန်နေဂျာဖြစ်သူ ဦးအောင်မျိုးကို ပုဒ်မ ၂၈၅ နဲ့ ပြည်ကြီးတံခွန်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024