Home
မြန်မာသတင်း
တရားဥပဒေစိုးမိုးရေးအတွက် “လျှာမဲ့ချိန်ခွင်ကာတွန်းပြပွဲ” ရန်ကုန်တွင် ကျင်းပ
DVB
·
February 27, 2020
87288572_1345873788950125_616173961247457280_n
တရားဥပဒေစိုးမိုးရေးအတွက် “လျှာမဲ့ချိန်ခွင်ကာတွန်းပြပွဲ”ကို ရန်ကုန်မြို့၊ မဟာ  ဗန္ဓုလပန်းခြံရှေ့မှာ ဒီကနေ့စတင်ပြီး ကျင်းပနေပါတယ်။ ဒီပြပွဲကိုတော့ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းက စီစဉ်တာဖြစ်ပြီး  ဒီကနေ့ က စတင်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။ ပြပွဲအတွင်းမှာတော့ နာမည်ကြီး ကာတွန်းဆရာတွေပါဝင်တဲ့ စကားဝိုင်းတွေ၊ ဟောပြောပွဲတွေနဲ့ လက်တွေ့ကာတွန်းသရုပ်ပြရေးဆွဲတာတွေလည်း ပါဝင်မှာ ဖြစ်ပါ တယ်။ လက်တွေ့ကာတွန်းပုံဆွဲပြိုင်ပွဲကိုတော့ မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲထိတကြိမ်၊ ညနေ ၃ နာရီကနေ ၄ နာရီခွဲထိတကြိမ်၊ တနေ့ကို ၂ ကြိမ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024