မြန်မာလုပ်သား ၁၀၀ ကျော် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိ
DVB
·
February 23, 2020
တရုတ်နိုင်ငံကနေ မြန်မာလုပ်သား ၁၀၀ ကျော် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်ကို ရောက်ရှိလာတယ်လို့ ပြည်ထဲရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။
မနေ့ နေ့လယ်ပိုင်းက မြန်မာအလုပ်သမား ၁၃၈ ယောက်ကို တရုတ်နိုင်ငံ လင်ချန် ပြည်သူ့ဆက်ဆံရေး ဒုတာဝန်ခံ ဦးစီးတဲ့အဖွဲ့က လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့က မြန်မာ-တရုတ် နှစ်နိုင်ငံဝင်/ထွက်ပေါက်ကို လာပို့တာလို့ ဆိုပါတယ်။
သူတို့ကို ဟိုပန်ပြည်သူ့ဆေးရုံက သူနာပြုဒေါ်မေသန္တာဝင်း ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က ကျန်းမာရေး အခြေအနေ စစ်ဆေးပေးခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲ အချိန်မှာ သူတို့အစီအစဉ်နဲ့သူတို့ နေရပ်အသီးသီးကို ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။