Homeမြန်မာသတင်း
ရန်ကုန်တိုင်းတွင် ဒေါ်လာသန်း ၃၀ ခန့်တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၆ ခုအတည်ပြု
ရန်ကုန်တိုင်းတွင် ဒေါ်လာသန်း ၃၀ ခန့်တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၆ ခုအတည်ပြု
DVB
·
February 19, 2020
အမေရိကန်ဒေါ်လာသန်း ၃၀ လောက်ရင်းနှီးမြှုပ်နှံမှုအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း ၉၀၀၀ လောက်ရမယ့် လုပ်ငန်းတွေကို ဒီနေ့ ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးကနေ အတည်ပြုပေးခဲ့ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၆ ခု၊ မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၂၈.၅၀၇ သန်းနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁ ခု၊ မတည်ရင်းနှီးငွေ ကျပ်သန်း ၃၀၀၀ ကျော်ကို ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အတည်ပြုခဲ့တာပါ။
ဒီလုပ်ငန်းတွေကနေ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းအနေနဲ့ ၈,၉၂၀ ယောက်အတွက် ဖန်တီးပေးနိုင်မယ်လို့ ဆိုပါတယ်။