Homeမြန်မာသတင်း
တောင်ပုလုကျောင်းတွင် တရုတ်နိုင်ငံသူ သီလရှင် ၁ပါး ဖျားနာနေသည့်သတင်း မမှန်ကန်ဟု အုပ်ချုပ်ရေးမှူးပြော
တောင်ပုလုကျောင်းတွင် တရုတ်နိုင်ငံသူ သီလရှင် ၁ပါး ဖျားနာနေသည့်သတင်း မမှန်ကန်ဟု အုပ်ချုပ်ရေးမှူးပြော
DVB
·
February 18, 2020
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကျောင်းကုန်းကျေးရွာအုပ်စု တောင်ပုလုရွာရှိ တောင်ပုလု ဘုန်းတော်ကြီးကျောင်းမှာ ဖေဖော်ဝါရီ ၁၇ ရက်က တရုတ်နိုင်ငံသူ သီလရှင်တပါး အပူချိန်မြင့်မားပြီး ဖျားနာနေတယ်ဆိုတဲ့သတင်း မမှန်ကန်ဘဲ ကျန်းမာရေးကောင်းနေတယ်လို့ ကျောင်းကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။
ကျောင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကျော်ဆွေက "တရုတ်နိုင်ငံက လာတုန်း ကတော့ လူဝတ်ကြောင်နဲ့ လာတယ်။ တောင်ပုလုဘုန်းတော်ကြီးကျောင်းမှာ သီလရှင်ဝတ်တယ်။ သတင်းရရချင်းပဲအချိန်နဲ့တပြေးညီ သက်ဆိုင်ရာကို တင်ပြတယ်။ ကျန်းမာရေးဌာနက စစ်ဆေးပေး ပါတယ်။ ကျန်းမာရေး ကောင်းမွန်နေပါတယ်၊ အဖျား မရှိပါဘူး။ မနက်ဖြန်ပြန်မယ်လို့ ဆရာလေးက မိန့်ပါတယ်" လို့ ပြောပါတယ်။
တရုတ်နိုင်ငံ ပေကျင်းမြို့မှာ နေထိုင်သူ Mrs Liu Dan ဟာ ၂၀၁၉ ဒီဇင်ဘာလ ၂၆ရက်က တရုတ်နိုင်ငံက တရားဝင် စတင်ထွက်ခွာလာခဲ့ပြီး မေမြို့တရားစခန်းတခုမှာ တရားအားထုတ်ခဲ့ပါ တယ်။
အဲနောက် ဖေဖော်ဝါရီ ၁၅ ရက်မှာ ဝမ်းတွင်းမြို့နယ် တောင်ပုလုဘုန်းတော်ကြီးကျောင်း ဆရာတော်ဥူးဟိံသက္ကကို ဖူးမြှော်ဖို့ လူဝတ်နဲ့ ရောက်ရှိလာခဲ့ပြီး ဆရာတော်က သီလရှင် ဝတ်ပေးခဲ့တာ ဖြစ်ပါတယ်။
သတင်း-မောင်မောင်လင်း