Home
မြန်မာသတင်း
မူးယစ်ဆေးဝါးနှင့် အဂတိကင်းစင်ရေး ဝိုင်းဝန်းကြိုးပမ်းရန် ပြည်ထောင်စုနေ့၌ သမ္မတတိုက်တွန်း
နေဖြိုးဝင်း
·
February 12, 2020
85144039_3234430199905310_253003032915083264_o
85127558_3234426089905721_760088840638562304_o
85090700_3234427659905564_1018765972028260352_o
85089654_3234440669904263_1433928445846355968_o
85045562_3234415443240119_3214744314810728448_o
85038593_3234434749904855_405449353738584064_o
85012096_3234431136571883_6137314103397449728_o
85006236_3234437696571227_6124683837235527680_o
84985393_3234415396573457_1389728619575640064_o
84270341_3234417966573200_9077370559272058880_o
84076185_3234423516572645_7248482495753093120_o
83227555_3234415479906782_8661274106160742400_o
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးရေးနဲ့  အဂတိတရားကင်းစင်ရေးတို့ကို ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန်အဖြစ် နိုင်ငံတော်အစိုးရနဲ့ လက်တွဲ ဝိုင်းဝန်းကြိုးပမ်းသွားဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။ “နိုင်ငံတော်က အမျိုးသားအဆင့် ကျန်းမာရေးနှင့် ပညာရေးအဆင့်အတန်း မြင့်မားရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် တစ်မျိုးသားလုံး၏ ဆိုးကျိုးကိုဖြစ်ပေါ်စေသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးနှင့် အဂတိတရားများကင်းစင်ရေးတို့တွင်လည်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန်အဖြစ် နိုင်ငံတော်အစိုးရနှင့် လက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်းသွားကြရမည်” လို့ သမ္မတက ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော်ရဲ့ အသက်တမျှ အရေးပါလှတဲ့အတွက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ညီတဲ့ နိုင်ငံတော်ရဲ့ ပကတိအခြေအနေ၊ အနာဂတ်မျှော်မှန်းချက်နဲ့ကိုက်ညီတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာစေရေးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြမယ်လို့လည်း ပြောပါတယ်။ ကိုလိုနီနယ်ချဲ့တို့ရဲ့ သွေးခွဲအုပ်ချုပ်မှုရဲ့ ဆိုးမွေကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအကြား ဖြစ်ပေါ်ခဲ့တဲ့ သံသယတွေနဲ့ အယူအဆပိုင်းဆိုင်ရာ အမြင်ကွဲပြားမှုများကြောင့် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားခဲ့လို့ ပြည်ထောင်စု ကြီး တိုးတက်ဖွံ့ဖြိုးမှု နှောင့်နှေးခဲ့ရသလို ပြည်ထောင်စုသားတိုင်းရင်းသား ပြည်သူအားလုံးတို့ရဲ့ လူမှုဘဝ နိမ့်ကျခဲ့ရတယ်၊ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေ ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်ဖြစ်ပွားခဲ့တဲ့ ဒေသတွေဟာ ဒေသဖွံ့ဖြိုးရေးလမ်းစတွေ မှေးမှိန်ပျောက်ကွယ်ခဲ့ရတဲ့အပြင် အခြေခံလူ့အခွင့်အရေးတွေပါ နစ်နာဆုံးရှုံးခဲ့ရတယ်လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ ဗြိတိသျှလက်အောက် နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝရောက်ခဲ့ရပြီး လွတ်လပ်ရေးပြန်လည်ရရှိဖို့ကြိုးပမ်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက တောင်တန်း ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးရရှိဖို့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးတဲ့နေ့ကို ပြည်ထောင်စုနေ့အဖြစ်  သတ်မှတ် ကျင်းပတာ ဖြစ်ပါတယ်။ ဒီမနက် နေပြည်တော်မှာကျင်းပတဲ့ ၇၃ နှစ်မြောက် ပြည်ထောင်စုအနေ့အခမ်းအနားကို သမ္မတဦးဝင်းမြင့်က သဝဏ်လွှာ ပေးပို့ခဲ့ပြီး ဒီသဝဏ်လွှာကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024