လွိုင်ကော်တွင် တရုတ်နိုင်ငံသား ၂ ဦးကို နေအိမ်အပြင်မထွက်စေဘဲ စောင့်ကြပ်ကြည့်ရှုနေ
DVB
·
February 11, 2020
တရုတ်နိုင်ငံကနေ အခုရက်ပိုင်းတွင်း ကယားပြည်နယ် လွိုင်ကော်မြို့ကို ပြန်လည်ရောက်ရှိလာတဲ့ စက်ရုံတခုကဝန်ထမ်း တရုတ်နိုင်ငံသား ၂ ဦးကို နေအိမ်ကနေ အပြင်မထွက်စေဘဲ ၁၄ ရက်တိတိ စောင့်ကြပ်ကြည့်ရှုနေတယ်လို့ လွိုင်ကော်မြို့နယ် ပြည်သူ့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
တရက်ကို မနက်တစ်ကြိမ် ညတစ်ကြိမ် အဖျားရှိ မရှိထောက်လှမ်းတဲ့ လုပ်ငန်းတွေကို ၁၄ ရက်တိတိ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ထူးခြားမှုရှိပါက အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေးမယ်လို့လည်း ဆိုပါတယ်။
လွှိုင်ကော်ဆေးရုံမှာ ထားရှိကုသမှုပေးခဲ့တဲ့ မြန်မာနိုင်ငံသား အသက်(၂)နှစ်(၂)လအရွယ် မိန်းကလေးငယ်တဦးကတော့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိရတာကြောင့် ဖေဖော်ဝါရီ ၆ ရက်မှာ ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။
မြန်မာနို်ငငံမှာ ဖေဖော်ဝါရီ ၁၀ ရက်ညအထိ ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာ ၁ ဦးအပါအဝင် လူနာ ၂၀ ဦး သက်ဆိုင်ရာဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှု ကုသပေးနေပြီး အားလုံးရဲ့ ကျန်းမာရေးအခြေအနေ သက်သာကောင်းမွန်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- Loikaw PHD