မင်းကင်းမြို့နယ်တွင် အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင် လှုပ်ခတ်
DVB
·
January 21, 2020
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ၀၄ နာရီ၊ ၁၄ မိနစ်၊ ၂၈ စက္ကန့် အချိန်က ဟားခါး မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၅၆ မိုင်ခန့်ကွာဝေးတဲ့ မင်းကင်းမြို့ရဲ့ အနောက်ဘက် ၄ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၈၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၄၄ ဒီဂရီ၊ အနက် ၄၇ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။