အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာပြပွဲကြီး ရန်ကုန်တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
January 11, 2020
အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာပြပွဲကြီးကို ရန်ကုန်မြို့ Lotte Hotel မှာ ဇန်နဝါရီ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ကျင်းပနေပါတယ်။
အဲဒီပြပွဲကို ပြည်တွင်းက ကျောက်မျက်ရတနာရှင်ဆိုင်တွေက ရတနာအမျိုးစုံ လာရောက်ပြသကြပါတယ်။
မြန်မာနိုင်ငံဟာ ကျောက်စိမ်းများစွာ ထွက်ရှိတဲ့ နိုင်ငံဖြစ်တာနဲ့အညီ တကမ္ဘာလုံးကပါ စိတ်ဝင်စားကြပြီး နိုင်ငံတကာကနေ ကျောက်မျက်ရတနာ ပေါများကြွယ်ဝတဲ့ နိုင်ငံဆိုပြီး အသိအမှတ်ပြုခံထားရပေမယ့် ကုန်ကြမ်းပစ္စည်းတွေ ဈေးကွက်ထဲမှာ စနစ်တကျ ပြုလုပ်နိုင်ခြင်းမရှိရင် မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှု မရှိဘူးလို့ ပြပွဲကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
အဲဒီပြပွဲမှာ ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြသလို နိုင်ငံခြားသား ဧည့်သည်တွေလည်း လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
Photo - Ye Myo Khant / MPA