Home
မြန်မာသတင်း
အမှိုက်ခြောက် တထုပ်နှင့် အနွေးဓာတ် လဲလှယ်ပေးသည့်အစီအစဉ် ပျဉ်းမနားတွင် ပြုလုပ်
DVB
·
December 29, 2019
81393231_600485944040316_2425467567918284800_n
80599407_592705174853097_5237088996810555392_n
81297359_1167815366942984_5785076181820768256_n
80462244_2407527866167280_4414740971674140672_n
အမှိုက်ခြောက် တထုပ်နဲ့ အနွေးဓာတ် လဲလှယ်ပေးတဲ့ အစီအစဉ်ကို ပျဉ်းမနားမြို့မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။  အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နွေ မိုး ဆောင်း ရာသီမရွေး မပျက်မကွက် ပြုလုပ်နေကြတာ ဖြစ်ပြီး ပျဉ်းမနားမြို့ အမှိုက်ကင်းစင်ရေးနဲ့ စည်းကမ်းမဲ့ အမှိုက်ပပျောက်စေရေးအတွက် လူထုပညာပေးအလုပ်တွေကို ၅၅ ကြိမ်မြောက်အဖြစ် ပျဉ်းမနားမြို့ ဘိုးမင်းခေါင်စေတီအနီး ယခင် နွားပွဲဈေးကွင်းဟောင်း ရွာကောက်မြို့သစ် ရပ်ကွက်မှာ မနက် ၇ နာရီကနေ ၁၀ နာရီအထိ ပြုလုပ်ခဲ့ကြပါတယ်။ အခုအပတ်စဉ်မှာတော့ ပတ်ဝန်းကျင် ထိခိုက်စေပြီး လူတွေအတွက် ကင်ဆာရောဂါတွေ ဖြစ်စေတဲ့ ဖော့ဘူး၊ ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ် တပိဿာလောက်ပါတဲ့ အမှိုက်တထုပ်နဲ့ နှစ်သက်ရာအဝတ်၊ အနွေးထည်၊ ဘောင်းဘီ၊ ကျား မ အဝတ်အထည်တခု လဲလှယ်ပေးရင်း လူထုပညာပေးအလုပ်တွေ လုပ်ဆောင်နေတာလို့ မျှဝေသောလက်များ အသင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာပေါ်မြင့်ဦးက ဒီဗွီဘီကို ပြောပါတယ်။ လာမယ့် အပတ်စဉ်တိုင်းမှာ ပျဉ်းမနားမြို့အတွင်းရှိ ရပ်ကွက်တွေအတွင်း အလှည့်ကျစနစ်နဲ့ သွားရောက်မယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024