Home
မြန်မာသတင်း
လားရှိုးနှင့် နမ့်ခမ်းတွင် ဘိန်းဖြူ ၃ ကီလိုကျော် ဖမ်းမိ
DVB
·
December 15, 2019
Drugs Larshoe
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်နဲ့ နမ့်ခမ်းမြို့တို့မှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ဘိန်းဖြူ ၃ ကီလိုကျော် ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီလောက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ လားရှိုးမြို့နယ်၊ စဥ့်အင်းကျေးရွာအုပ်စု၊ ပုန်းထွန်ကျေးရွာအနီးမှာ တန်ဂွန်း(ခ)ဝဂွန်း မောင်းနှင်ပြီး လွမ်းခေါင်၊ မဂျီဂျာအိန်း၊ မဘော်ဆိုင်းမိုင်နဲ့ ထိန်လင်းအောင်တို့ လိုက်ပါလာတဲ့ Pajero အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရန် ရပ်တန့်စဉ် တန်ဂွန်း(ခ)ဝဂွန်းကတော့ ထွက်ပြေးတိမ်းရှောင် သွားတယ်လို့ ဆိုပါတယ်။ မော်တော်ယာဉ်အတွင်းမှ ဘိန်းဖြူ ၂ ဒသမ ၈၉၃ ကီလို၊ KBZ ဘဏ်စာအုပ် ၁ အုပ်၊ မြန်မာငွေ ၂၅၀၀၀၀ ကျပ်နဲ့ လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပါတယ်။  အလားတူ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီလောက်ကလည်း မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နမ့်ခမ်းမြို့၊ နမ့်ခန်း-မန်ဝိန်းကြီးသွား ကားလမ်းမှာ စိုင်းမောင်လှ မောင်းနှင်လာတာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ကျောပိုးအိတ်အတွင်း ဘိန်းဖြူ ၂၂၀ ဂရမ်နဲ့ လက်ကိုင်ဖုန်းတလုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ လွမ်းခေါင်၊ မဂျီဂျာအိန်း၊ မဘော်ဆိုင်းမိုင်၊ ထိန်လင်းအောင်နဲ့ တန်ဂွန်း(ခ)ဝဂွန်း (ဖမ်းမမိ) နဲ့ စိုင်းမောင်လှ (၃၇-နှစ်)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024