ICJ အရေး သွားဖြေရှင်းမည့် အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံပွဲ နေပြည်တော်တွင် ကျင်းပ
နေဖြိုးဝင်း
·
December 8, 2019
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကိုအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့အပေါ် သွားရောက်ဖြေရှင်းမယ့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့အား ထောက်ခံပွဲကို နေပြည်တော်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
ဒီလူထုထောက်ခံပွဲကို နေပြည်တော် ပျဉ်းမနားမြို့ အောင်မင်္ဂလာကားကွင်းဟောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ထောက်ခံပွဲကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ၈ မြို့နယ်က ရဟန်းရှင်၊ ပြည်သူတွေ လာရောက်ကြပြီး နိုင်ငံရေးပါတီနဲ့ အသင်းအဖွဲ့တွေက ပေးပို့တဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။