ဧရာဝတီတိုင်းအတွင်း အဓိကလမ်းမကြီးများကို အဆင့်မြှင့်တင်မည်
သော်ဇင်မျိုး
·
December 1, 2019
ဧရာဝတီတိုင်းအတွင်း ခရိုင်မြို့အားလုံးက အဓိကကျတဲ့လမ်းမတွေကို ကတ္တရာ ကွန်ကရစ် (AC) လမ်းတွေအဖြစ် အဆင့်မြှင့်တင်သွားတော့မယ်လို့ သိရပါတယ်။
လက်ရှိ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်ထဲမှာ ဧရာဝတီတိုင်းအတွင်းက ခရိုင်မြို့အားလုံးမှာ အဓိကကျတဲ့ လမ်းမကြီးတွေကို ကတ္တရာကွန်ကရစ် (AC) လမ်းတွေအဖြစ် အဆင့်မြှင့်တင်သွားမယ်လို့ တိုင်းဒေသကြီးလျှပ်စစ်လမ်းပန်းဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
ပုသိမ်မြို့မှာတော့ ပြီးခဲ့တဲ့ ဘတ်ဂျက်နှစ်မှာ AC လမ်းခင်းပြီး ဖြစ်ပါတယ်။ ပုသိမ်မြို့လမ်းခင်းစဉ်မှာ ခင်းပြီးမကြာခင် ပြန်ပြင်ရတာမျိုးရှိခဲ့တဲ့အတွက် ဒါမျိုးမဖြစ်အောင် လုပ်ဆောင်ကြဖို့ ဖျာပုံတိုင်းလွှတ်တော်အမတ် ဦးဘိုဘိုမင်းဇော်က ထောက်ပြပါတယ်။
ခရိုင်မြို့တွေမှာ AC လမ်းအပြင် ပုသိမ်မြို့လို လမ်းမီးတိုင်တွေ တပ်ဆင်မယ့်အစီစဉ်လည်း ပါရှိပါတယ်။ လမ်းခင်းလုပ်ငန်းတွေမှာတော့ မြို့ခံတွေပါဝင်တဲ့ ကော်မတီဖွဲ့ပြီး မြို့ရဲ့ဆန္ဒနဲ့အညီ အကောင်အထည်ဖော်သွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။