လွိုင်ကော်ရှိ ရွာ ၆ ရွာမှ NLD ပါတီဝင် အဆိုပြုလွှာ ၇၀၀ ပေးအပ်
DVB
·
November 30, 2019
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ဝါဆောင်ရွာမှာ နိုဝင်ဘာ ၃၀ ရက်က လုပ်တဲ့ NLD ပါတီရဲ့ ၆ ကြိမ်မြောက် အဆိုပြုလွှာပေးအပ်ပွဲမှာ ရွာ ၆ ရွာက အဆိုပြုလွှာ ၇၀၀ ပေးအပ်ခဲ့ကြပါတယ်။
အဆိုပြုလွှာတွေကို ကုန်းသာရွာက အယောက် ၃၉၀၊ ဝါရီကောခူရွာက အယောက် ၅၀၊ ဝါဆောင်ရွာက ၈၀၊ ဆောင်ကန်းရွာက ၈၀၊ ပီကင်းကောငူရွာက ၅ဝ နဲ့ သရက်ပင်ရွာက ၅၀ ပေးအပ်ခဲ့တာပါ။
အခု အဆိုပြုလွှာပေးအပ်ပွဲကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ မန္တလေးတိုင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးနဲ့ ပါတီဝင်တွေ တက်ရောက်ခဲ့ပါတယ်။
ဒီပွဲမှာ တိုင်းရင်းသားတွေအနေနဲ့ အမျိုးသားဒီမိုကရေစီပါတီထဲကို ရဲရဲဝင်ဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်း တိုင်းရင်းသားရေးရာဝန်ကြီး ခွန်းအေးမောင်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။