Home
မြန်မာသတင်း
ကယားပြည်နယ် ၂၀၁၉-၂၀ ဘတ်ဂျက် ဒေသဖွံ့ဖြိုးရေးအတွက် ၇၀ ရာခိုင်နှုန်းကျော် အသုံးပြု
နော်နိုရင်း
·
November 2, 2019
Kayah Statistic Office
၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ရရှိထားတဲ့ ဘတ်ဂျက်ငွေတွေထဲက ကယားပြည်နယ်အတွက် အသုံးစရိတ်ခွဲဝေရာမှာ ဒေသဖွံ့ဖြိုးရေးအတွက် ၇၀ ရာခိုင်နှုန်းကျော် အသုံးပြုထားတယ်လို့ ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်အောင်က ပြောပါတယ်။ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် ကယားပြည်နယ်အနေနဲ့ ပြည်ထောင်စုထံမှ  ထောက်ပံ့ငွေ ကျပ်သန်းပေါင်း ၆၉ ဒသမ ၄၈၀ သန်းကျော်ရရှိပြီး ပြည်နယ်မှရရှိငွေ ကျပ်သန်းပေါင်း ၂ သန်းကျော်ရှိတဲ့အတွက် စုစုပေါင်း ဘတ်ဂျက် ၇၁ ဒသမ ၅၆၄ ဘီလီယံ ရှိပါတယ်။ ဒီဘတ်ဂျက်ငွေတွေကို ခွဲဝေရာမှာ ပြည်နယ်လူထုနဲ့အဓိက ထိစပ်နေတဲ့ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်အတွက် ကျပ်သန်းပေါင်း ၅၀ ဒသမ ၂၄၇ ကျော်၊ ၇၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံး အသုံးပြုထားတာလို့ ဦးရဲနိုင်အောင်က ပြောပါတယ်။ “ကျနော်တို့ ပြည်နယ်ဘတ်ဂျက်မှာ ပါတာကတော့ ဌာနအားလုံး ၂၄ ခုရှိတာပေါ့လေ။ အဲဒီ ၂၄ ခုမှာ အဓိကတော့ ဒေသဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးဆိုတာက  ပြည်သူလူထုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ သုံးတာ၊ ဥပမာ လမ်းတွေ၊ တံတားတွေ ဖောက်တယ်။ ရေရရှိရေးလုပ်ငန်းတွေ လုပ်တယ်။ လျှပ်စစ်မီးလုပ်ငန်းတွေ ဆောင်ရွက်တယ်။ အဲဒီနေရာမှာ ကျနော်တို့က ၅၀ ဒသမ ၂၄၇ ဘီလီယံ ကျနော်တို့ ခွဲဝေသုံးစွဲထားတယ်။ ပြည်နယ်တခုလုံးရဲ့ ၇၀ ဒသမ ၂၁ ရာခိုင်နှုန်း ခွဲဝေသုံးစွဲထားတာပေါ့။” ကျန်နေတဲ့ ဘတ်ဂျက်တွေထဲက ဌာနတွေရဲ့ အုပ်ချုပ်မှုအသုံးစရတ်မှာ ၂၆ ရာခိုင်နှုန်းကျော်၊ အရေးပေါ်ရန်ပုံငွေအတွက် အသုံးစရိတ် ၁ ဒသမ ၄၀ ရာခိုင်နှုန်းနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် ၁ ဒသမ ၅၁ ရာခိုင်နှုန်း ခွဲဝေသုံးစွဲထားကြောင်းလည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024